PASTE NAVIGATION BAR CODE HERE

Wednesday, May 28, 2008

စဉ်စားကြည့်ပါ

ဒီဆောင်းပါး ကို ဖတ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တိုက်ခိုက်သွားတဲ့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု က တစ်ပါတ်ကြိုပြီး သိနေတယ်ဆိုတာ ကို ရေးသားထားပါတယ်။ မုန်းတိုင်း မတိုက်ခင် ၂ ရက်အလိုမှာ မြန်မာနိုင်ငံ အပေါ်တင်းကြပ်သော Econimic sanction ကို သမ္မတ ဘုရှ် ကလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်း ကတော့ နောက် ၂ ရက်အကြာ မြန်မာနိုင်ငံကို Cyclone မုန်တိုင်း တိုက်ခတ်ရင် နိုင်ငံတကာ က ထောက်ပံ့ကူညီမှုများကို အဟန့်အတား ဖြစ်စေလို့တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

နာဂစ်လည်း မြန်မာနိုင်ငံ တိုက်ခိုက်သွားရော မြန်မာပြည် ကယ်ဆယ်ရေးလုပ်ငန်းများကို ပင်တဂွန် စစ်ဌာနချုပ်က ချုပ်ကိုင် လုပ်ဆောင်နေပါတယ်။ မြန်မာကမ်းရိုးတမ်းနဲ့ မဝေးသောနေရာမှ USS လေယာဉ်တင်သင်္ဘောကြီးကိုလည်း အသင့်ထားပြီး မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေသောသူများကို မရိမ်း စစ်သည်များမှလာရောက်ကူညီမည့် အကြောင်း ကမ်းလှမ်းချက် တောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဘင်္ဂလားဒေရှ့် နိုင်ငံမှာ မုန်တိုင်းတိုက်ခိုက်သွားတုန်း အဲဒီ လေယာဉ် တင် သင်္ဘောကြီးနဲ့ သွားရောက်ကူညီပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို အကြောင်းပြပြီး (၆)နှစ်ကြာ်သွားပါတယ်။

အခုလည်း မြန်မာမြေပေါ်မှာ ကယ်ဆယ်ရေး ပစ္စည်းများ ချြ့ပီး ပြန်ပါမယ် ပြောတိုင်း ယုံလို့ မဖြစ်ပါ။

ဒါကြောင့် နအဖ က အိမ်နီးချင်းနိုင်ငံများကို ပြည်တွင်း ကယ်ဆယ်ရေးလုပ်ငန်းများမှာ ၀င်ရောက်အကူအညီ ပေးဘို့ တောင်းဆိုလိုက်တာ မှန်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Tuesday, April 29, 2008




လမ်းကြောင်းမှန်

မျက်မှောက်သမိုင်းခေတ်တွင် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်လာသော အမျိုးသားနိုင်ငံရေး လမ်းကြောင်းသည် ခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ထွန်းရေးနှင့် အနာဂါတ်နိုင်ငံတော်သစ်သည်လည်း ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖြစ်တည်လာရေးပင်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်၏ ပကတိတည်ရှိနေတဲ့ အမျိုးသားနိုင်ငံရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ယင်းလမ်းကြောင်းအား မည်သည့်လူပုဂ္ဂိုလ်နှင့် မည်သည့်အဖွဲ့အစည်းများကမျှ မည်သို့သော အကြောင်းပြချက်တို့ကိုမျှ အကြောင်းပြ ငြင်းဆန်သွေဖည်၍ ရရှိနိုင်မည် မဟုတ်ပေ။